DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၂၄-၅-၂၀၂၄ ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၈၅  မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်ဘက် ရေမိုင် ၃၂၀ မိုင်ခန့်၊ ဂွမြို့ (Gwa)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၄၅ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကန်နင်းမြို့(Canning)၏ တောင်ဘက် ရေမိုင် ၃၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၄/၂၀၂၂)

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၄/၂၀၂၂)

 (၂၀၂၂ခုနှစ်၊ မတ်(၅)ရက်နေ့ မြန်မာစံတော်ချိန်(၂၂:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က)    အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန်(၂၁:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် သိသိသာသာ ရွေ့လျားခြင်းမရှိပဲမြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်တောင်ဘက်ရေမိုင် (၆၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၄၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomale)မြို့၏ မြောက်-အရှေ့မြောက်ဘက်ရေမိုင်(၁၉၀)မိုင်ခန့်၊အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ်(Nagapattinam)မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၁၆၀)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏တည်နေရာ၊ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၆) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၄) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

                             

(ဂ)     နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည်အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊တမီးလ်နာဒူး(Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ကာ၊ နောက်(၁၂)နာရီအတွင်းမုန်တိုင်းငယ်(Depression)အဖြစ် သို့လည်းကောင်း၊ နောက်(၄၈)နာရီအတွင်းလေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့လည်းကောင်း တစ်ဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။