အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးနာဒူးကမ်းလွန်)တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောလေဖိအားနည်း ရပ်ဝန်း (Well Marked Low Pressure Area) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ တမီးနာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီမြို့နှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။


