DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၇-၂၀၂၅:  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းရာမှ အား အလွန်ကောင်းနေပါသည်။

 

အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၁)

အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

“ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿကမ်းခြေတို့တွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်(Depression)သည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ် သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿမြောက်ပိုင်းကမ်းခြေ(ချန်ဘလီ(Chandbali)မြို့ တောင်ဘက်အနီး)မှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် နောက်(၂၄)နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။”