DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၂-၃-၂၀၂၆ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၀)

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတင်း အမှတ်စဉ်(၁၀/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ  ၂၅  ရက်)        

              (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အခြေအနေ

(၁)       ယနေ့မြန်မာစံတော်ချိန် (၁၈:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)  "နီဗာ"(NIVAR) သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန် တိုင်း  (Very Severe Cyclonic Storm) "နီဗာ"(NIVAR) အဖြစ်သို့ ရောက်ရှိခဲ့ကာအိန္ဒိယနိုင်ငံ၊ ကဒ်ဒါလိုလီ (Cuddalore)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၈၀) မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၈၀) မိုင်ခန့်နှင့် ချင်းနိုင် (Chenn‌ai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၂၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။       

(၂)       အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "နီဗာ"(NIVAR)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။      

(ခ)    အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) ၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

            အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)  "နီဗာ" (NIVAR)သည် မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မြောက် လတ္တီကျု (၁၁.၂) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၁.၀) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၈၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၈၅) မိုင်နှုန်းဖြစ်ပါသည်။

(ဂ)     နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

            အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)"နီဗာ" (NIVAR)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ ယနေ့ည သန်းခေါင်ယံ အချိန်ခန့်တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu) ကမ်းခြေနှင့် ပူဒူချယ်ရီ (Puducherry)ကမ်းခြေတို့ကို ကာရိုင်ကယ် (Karaikal)မြို့နှင့် မာမော်လက်ပူရမ် (Mamallapuram)မြို့များအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင် သည်ဟုခန့်မှန်းရပါသည်။