DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၇-၅-၂၀၂၄   ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ
-------------------------------------------------------------------
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့
မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
==================================

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း
အမှတ်စဉ်(၂၁)၊၂၀၁၈
================================
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
=================================

(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်

အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ" (Gaja)သည် အနောက်-

အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ" (Gaja)

အဖြစ်သို့ ရောက်ရှိခဲ့ကာ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့တောင်ဘက် မိုင် (၁၇၀) ခန့်နှင့်

နာဂါပတ္တနမ်မြို့ (Nagapattinam) ၏ အရှေ့-အရှေ့မြောက်ဘက် (၁၆၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။

(ခ) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ" (Gaja) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့

ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ အားကောင်းသော

ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
=======================================

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ" (Gaja) သည် မြန်မာ စံတော်ချိန် (၁၃:၃၀)

နာရီအချိန်တွင် မြောက်လတ္တီကျု (၁၁.၃) ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၂.၆) ဒီဂရီတွင် ရှိပြီး၊

ဗဟိုချက်လေဖိအား (၉၉၅) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်မှ

မိုင်(၆၀)နှုန်းအထိ ဖြစ်ပါ သည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
=========================

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ" (Gaja) သည် နောက် (၁၂) နာရီအတွင်း

အနောက်-အနောက် တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ တမီနာဒူး ကမ်းခြေကို

ပမ်ဘန်မြို့ (Pamban)နှင့် ကဒ္ဒလောမြို့ (Cuddalore) ကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု

ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
==============

(က) အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ" (Gaja) ၏အရှိန်ကြောင့်

ယနေ့နေ့လည်မှ နောက် (၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း

ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊

ရှမ်း ပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်

တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင် ပါသည်။

မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ

မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်(၈) ပေမှ (၁၀) ပေခန့်

ရှိနိုင်ပါသည်။

အကြံပြုချက်
========

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊

ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်

အကြံပြုအပ်ပါသည်။