DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့
        မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း
အမှတ်စဉ်(၂၂)၊၂၀၁၈

 
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

===================================
(က)    ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်

အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း "ဂါဂျာ"

(Gaja)သည် အနောက်-အနောက်တောင်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့

(Chennai)၏ အရှေ့တောင်ဘက် (၁၄၅)မိုင်ခန့်နှင့် နာဂါ ပတ္တနမ်မြို့(Nagapattinam)၏

အရှေ့-အရှေ့မြောက်ဘက် မိုင်(၁၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)    အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ" (Gaja) ၏ လက်ရှိအခြေအနေမှာ

မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု

သတ်မှတ်ပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

===================================================================
    အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ" (Gaja) သည် မြန်မာ စံတော်ချိန် (၁၈:၃၀)နာရီ

အချိန်တွင် မြောက်လတ္တီကျု (၁၁.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၁.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၉၉၅)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀)နှုန်းအထိ ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

=======================
    အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)သည် နောက်(၁၂) နာရီအတွင်း

အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယ နိုင်ငံ၊ တမီနာဒူးကမ်းခြေကို

ပမ်ဘန်မြို့(Pamban)နှင့် ကဒ္ဒလောမြို့ (Cuddalore) ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း

ရပါသည်။
       
သတိပေးနှိုးဆော်ချက်  

==================     
(က)     အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏အရှိန်ကြောင့် ယနေ့ညနေမှ

နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေး

တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ

တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။    

(ခ)    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ

ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)

မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင် တို့တွင် (၈) ပေမှ (၁၀) ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

============
     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊

သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။