DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်
(၂၀၁၇ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၁၀)၊၂၀၁၇  

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

  (က)    ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် 

ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm

"Mora") သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်ေ

မြောက်ဘက် (၆၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်မြောက်ဘက် (၁၂၀)မိုင်ခန့်နှင့် မောင်တော

မြို့၏ အနောက်တောင်ဘက် (၃၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်ဘက်

မိုင်(၁၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်း

မုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ)    အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ရခိုင်

ကမ်းရိုးတန်းအနီးမှ ရွေ့လျားနေပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန်(၀၆:၃၀)နာရီ

အချိန်တွင် မြောက်လတ္တီကျု(၂၀.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်

လေဖိအား (၉၈၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် (၆၅)မိုင်နှုန်း

ဖြစ်ပါသည်။

နောက်(၆)နာရီအတွင်းခန့်မှန်းချက်

(က)    အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၆)နာရီ  

   အတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်

    မည်ဟု     ခန့်မှန်းရပါသည်။

(ခ)    အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေရှ့်နိုင်ငံ ကမ်း‌ခြေဒေသကို   

 ဖြတ်ကျော်စဉ် မောင်တောခရိုင်နှင့် စစ်တွေခရိုင်ဒေသများတွင် အမြင့်ဆုံးလေတိုက်   

 နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ)    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်

လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင်  (၅၅)မိုင်မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။

(ဃ)     အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်း 

     မြောက်ပိုင်း မောင်တောခရိုင် ကမ်းခြေဒေသများတွင် (၃)ပေမှ (၅)ပေခန့်၊ စစ်တွေခရိုင်  

    ကမ်းခြေဒေသများတွင် (၂)ပေမှ (၄)ပေခန့်အထိ  မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါ

သည်။

သတိပေးနှိုးဆော်ချက်            

(က)  အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် နောက်(၄၈)နာရီအတွင်း

    နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   

 ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊     တနင်္သာရီတိုင်း   

 ဒေသကြီး၊  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်  

   တို့တွင် နေရာအနှံ့ အပြား၊ ရှမ်းပြည်နယ်နှင့်     ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်   

 မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊     နေရာကွက်၍ မိုးကြီးခြင်းနှင့်     လေပြင်း     

တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 

အကြံပြုချက်

၂။    အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊

မိုးကြီးခြင်း၊ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ

အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း

တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊

ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်း

လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ

ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေ ဖြင့်လည်း ကြိုတင်သတိပြု

ရှောင်ရှားနိုင်ပါရန် အကြံပြုအပ်ပါသည်။