DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်

" နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် "
=================================================
(၂၀၁၇ခုနှစ်၊ မတ်လ(၁)ရက်နေ့ထုတ်ပြန်ချက်)

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ

တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင်

မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင်

လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း ၊

မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်

ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ

တိုက်ခတ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလ များအတွင်း ဖြစ်ပေါ်လာနိုင်

သည့် မိုးလေဝသဖြစ်စဉ်များအား အထူး ဂရုပြုနေထိုင်သွားကြပါရန် ကြိုတင် သတိပေးနှိုးဆော်အပ်ပါသည်။

သို့ဖြစ်ပါ၍ုပြည်သူများအနေဖြင့်မုတ်သုံရာသီမကျရောက်မီ၊မိုးကြိုကာလအတွင်းဖြစ်ပေါ်လာနိုင်သည့်

မိုးလေဝသဖြစ်စဉ်များအားအထူးဂရုပြုနေထိုင်သွားကြပါရန်သတိပေးနှိုးဆော်အပ်ပါသည်။