DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၆-၅-၂၀၂၄ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်
(၈-၁၀-၂၀၁၈ ရက်နေ့ ထုတ်ပြန်သည်)

        ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့ ၊မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၁-ပေ မှ ၃-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  လက်ရှိရေမှတ်များအောက် ၁-ပေမှ ၂-ပေခန့် ကျဆင်းလာနိုင်ပါသည်။
        ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နှင့် ကလေးဝမြို့ တို့တွင် ၁-ပေမှ ၃-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မင်းကင်းမြို့၊ ကနီမြို့ နှင့် မုံရွာမြို့တို့တွင်  လက်ရှိရေမှတ်များအောက်  ၁-ပေ မှ ၂-ပေခန့် ကျဆင်းလာနိုင်ပါသည်။