DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

(၁၀)ရက်ပတ်မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ (၁၀)ရက်ပတ်အတွက်

မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၈-၁၁-၂၀၁၉ ရက်နေ့ ထုတ်ပြန်သည်)

              ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့တို့တွင် ၁-ပေမှ ၂-ပေခန့် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊  ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ၂-ပေမှ ၄-ပေခန့် လက်ရှိရေမှတ် များအောက်  ကျဆင်းလာနိုင်ပါသည်။

             ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁-ပေမှ ၂-ပေခန့် လက်ရှိရေအမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။