DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၁၈.၁၂.၂၀၂၀) မိုးလွန်ကာလ မုတ်သုံဖိုရမ် (တနင်္သာရီတိုင်းဒေသကြီး)

မိုးလွန်ကာလ မုတ်သုံဖိုရမ် (တနင်္သာရီတိုင်းဒေသကြီး)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (UNFAO) တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် မိုးလွန်ကာလ မုတ်သုံဖိုရမ် (တနင်္သာရီတိုင်းဒေသကြီး) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် Video Conferencing (Zoom Application) ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Food and Agriculture Organization (FAO) မှ Emergency and Rehabilitation Coordinator, Mr. Reda LEBTAHI က အမှာစကား ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာကိုယ် စားလှယ်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UN၊ NGO နှင့် INGO မှ ကိုယ်စားလှယ်များ၊ Food and Agriculture Organization (FAO) မှ ကိုယ်စားလှယ်များနှင့် အခြားဌာနဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း (၆၅) ဦးခန့်  တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ၂၀၂၀ ပြည့်နှစ် အနောက်တောင်မုတ်သုံရာသီကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အခြေအနေများအား ပြန်လည်သုံးသပ်ခြင်း၊ ၀၂၀-၂၀၂၁ ခုနှစ် ဆောင်းရာသီကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား တင်ပြဆွေးနွေး ခြင်း၊ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ ပြီးခဲ့သည့် မုတ်သုံရာသီကာလအတွင်း ခန့်မှန်း ချက်များကို အသုံးပြု၍ မိမိတို့ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ၊ အခက်အခဲများနှင့် ကြိုတင်သတိပေးမှုစနစ် ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် အကြံပြုချက်များ တင်ပြဆွေးနွေးခြင်းနှင့် ၀၂၀-၂၀၂ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များကို အခြေခံကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအစီ အစဉ်များအား အသေးစိတ် ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။