DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြအနေ  

 ၁။      ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၃)ကြိမ်

ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်

အဖြစ်သို့‌ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃ - ၁၈)ရက်အတွင်း  မြန်မာနိုင်ငံ

မြောက်ပိုင်း‌ဒေသများမှလည်းကောင်း၊ စက်တင်ဘာလ (၁၉ - ၂၄)ရက်

အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ

(၂၅ - ၃၀)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း

ဆုတ်ခွာသွားဖွယ် ရာရှိပါသည်။ အနောက်တောင် မုတ်သုံလေသည်

အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်

မြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

 

မိုးအခြေအနေနှင့် မိုးရွာရက်

၂။       မိုးရွာသွန်းမှု အ‌ခြေအနေမှာ မကွေးတိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊

ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း

ရွာနိုင်ပါသည်။

၃။      ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၈)ရက်မှ (၂၅)ရက်ခန့်နှင့်

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်၊  ရှမ်းပြည်နယ်နှင့်

ကယားပြည်နယ်တို့တွင် (၁၀) ရက်မှ (၁၇)ရက်ခန့် မိုးထစ်ချုန်း

ရွာနိုင်ပါသည်။