DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

၂၀၂၁ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်

အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအ‌ခြေအနေ

၁။      အနောက်တောင်မုတ်သုံလေသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့မှ (၈)

ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၈ ခုနှစ်၊ ကဆုန်ပြည့်ကျော် ()ရက်နေ့မှ

(၁၄)ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ၀င်ရောက်ဖွယ်ရာရှိပြီး၊

၂၀၂ ခုနှစ်၊ အောက်တိုဘာလ ဒုတိယရက်သတ္တပတ် (မြန်မာ သက္ကရာဇ်၁၃၈

ခုနှစ်၊ သီတင်းကျွတ်လဆန်းခန့်)တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်

ဆုတ်ခွာ သွားဖွယ်ရာရှိပါသည်။

မိုးဦးကာလ ခန့်မှန်းချက်

၂။       မိုးဦးကာလသည် ၂၀၂ ခုနှစ်၊ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ

အတွင်းသို့ စတင် ၀င်ရောက်သည့်နေ့မှ ဇွန်လကုန်ထိ ဖြစ်ပါသည်။ မိုးဦးကာလ

အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း ()ကြိမ် ဖြစ်ပေါ်

နိုင်ပြီး၊ ()ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိ

နိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်

အတင့်ရှိနိုင်ပါသည်။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း

ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်

နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာ

နိုင်ပါသည်။

မိုးလယ်ကာလ ခန့်မှန်းချက်

 

၃။      မိုးလယ်ကာလသည် ၂၀၂ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လကုန်

အထိ ဖြစ်ပါသည်။ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိ

အားနည်းရပ်၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင် ပြီး၊ ()ကြိမ်တွင် ပိုမိုအားကောင်းလာ

ကာ မုန်တိုင်းငယ်အဖြစ်သို့ ​ရောက်ရှိနိုင်ပါသည်။ ယင်းကာလ အတွင်း

အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါ

သည်။ မိုးရွာသွန်းမှု အ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ 

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင်  ရွာသွန်းမြဲအောက်

လျော့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသ

ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ

ကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား

ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း

ရွာနိုင်ပါသည်။

မိုးနှောင်းကာလ ခန့်မှန်းချက်

၄။      မိုးနှောင်းကာလသည် ၂၀၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွား

သည့်နေ့အထိဖြစ်ပါသည်။ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင်

လေဖိအားနည်းရပ်၀န်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်း

လာကာ မုန်တိုင်းငယ်အဖြစ်သို့ ​ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း

အနောက်တောင်မုတ်သုံလေ သည် အားအနည်းငယ်မှ အားအသင့်အတင့်ရှိ

နိုင်ပါသည်။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ

ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်

နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲ ခန့် မိုးထစ်ချုန်းရွာ

နိုင်ပါသည်။