DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁၆-၄-၂၀၂၄):  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

“Modernization of the Forecasting and Warning System for Natural Disaster in Myanmar” စီမံကိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

“Modernization of the Forecasting and Warning System for Natural Disaster in Myanmar” စီမံကိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

 

သတင်းထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနနှင့်  တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယားမိုးလေ၀သအုပ်ချုပ်ရေးဌာန (Korea Meteorological Administration) တို့ ပူးပေါင်းပြီး တောင်ကိုရီးယားသမ္မတနိုင်ငံ၊ အစိုးရ၏ အထောက်အပံ့ဖြင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးလေ၀သလုပ်ငန်းများအား အထောက်အကူပြုနိုင် ရေးအတွက် Modernization of the Forecasting and Warning System for Natural Disaster in Myanmar” စီမံကိန်းအရ ဆောင်ရွက်ခဲ့သည့် အလိုအလျောက် မိုးလေ၀သတိုင်းတာရေးစနစ် အလုံး(၄၀)နှင့် ဆက်စပ်ပစ္စည်းများ  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် နေပြည်တော်၊ Kempinski Hotel တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တောင်ကိုရီးယားသမ္မတနိုင်ငံ၊ Korea Meteorological Administration မှ Administrator Mr. Jongseok KIM နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တောင်ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Sanghwa LEE တို့မှ ဝမ်းမြောက် ကြောင်းကိုဖေါ်ပြသောအမှာ စကားအသီးသီး ပြောကြားခဲ့ပါသည်။

Modernization of the Forecasting and Warning System for Natural Disaster in Myanmar” စီမံကိန်း၏ ရည်ရွယ်ချက်မှာ အချိန်နှင့်တစ်ပြေးညီ မိုးလေဝသတိုင်းထွာချက်များ၊ သတင်းအချက်အလက်များရရှိနိုင်သည့်စနစ် တည်ဆောက်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက တုံ့ပြန်ချက်များဆောက်ရွက်ရာတွင် တိုးတက်စေရန်နှင့် ပျက်စီးဆုံးရှုံးမှုများကို လျော့ချ နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ မိုးလေဝသခန့်မှန်းချက်နှင့် သဘာဝဘေးအတွက် ကြိုတင်သတိပေး စနစ်ကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၌ အလိုအလျောက် မြေပြင်မိုးလေဝသ တိုင်းထွာရေးစခန်း (Automatic Synoptic Observation System – ASOS) အစုံ(၄၀)ကို တပ်ဆင်ပေးခဲ့ပြီး Data Center ကို နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးချုပ်တွင် တည်ဆောက်ပေးခဲ့ပါသည်။ စီမံကိန်းကာလ မှာ၂၀၁၇ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ဖြစ်ပါသည်။ အဆိုပါ စီမံကိန်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄) သန်းဖြစ်ပါသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တောင်ကိုရီးယားသမ္မတနိုင်ငံ၊ Korea Meteorological Administration မှ Administrator Mr. Jongseok KIM နှင့် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Sanghwa LEE ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုးနှင့် ဦးသာဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယားမိုးလေ၀သအုပ်ချုပ်ရေးဌာနနှင့် ကိုရီးယားမိုးလေ၀သ နည်းပညာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ စီမံကိန်းနှင့် ပတ်သက်သည့် Final Report Workshop ကိုကျင်းပခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂:၁၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

//www.moezala.gov.mm/sites/default/files/photo_gallery/KZH_0458.JPG

//www.moezala.gov.mm/sites/default/files/photo_gallery/KZH_0463.JPG

//www.moezala.gov.mm/sites/default/files/photo_gallery/KZH_0485.JPG

//www.moezala.gov.mm/sites/default/files/photo_gallery/KZH_0493.JPG

//www.moezala.gov.mm/sites/default/files/photo_gallery/KZH_0498.JPG

//www.moezala.gov.mm/sites/default/files/photo_gallery/KZH_0516.JPG