DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၄-၁-၂၀၂၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မိုးကြီးမည့်သတိပေးချက် (၁၅.၉.၂၀၁၄)

မိုးကြီးမည့်သတိပေးချက်
(က) ယနေ့မြန်မာစံတော်ချိန် (၁၄း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်း ဗမ်ကို (Vanco) သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အနောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပါ သည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၅)ရက် အတွင်း အောက်ဖော်ပြပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
   (ခ) ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃) လက်မ (၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ပါသည်။