ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ အနီး)တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းရိုးတန်းကို ဂိုလ်ပါပူမြို့အနီးမှ ဖြတ်ကျော်ခဲ့ကာ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ချက်တစ်ဂတ်ပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
(ခ) ယခုသတင်းသည် မုန်တိုင်းငယ်(Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်းဖြစ်ပါသည်။


