DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါ သည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

မြန်မာစံတော်ချိန် (၀၉း၄၀)နာရီထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၁၀)မိနစ် (၁၃)စက္ကန့် အချိန်တွင်  ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၆၁) မိုင်ခန့် ကွာဝေးသော   (မြန်မာ့ပင်လယ်ပြင်) မြောက်လတ္တီတွဒ် (၁၅.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၂) ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး(၅.ဝ)အဆင့်ရှိ အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။