DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

Earthquake News

မြေငလျင်သတင်း

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ(၀၇)မိနစ်(၃၇)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၇၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သာယာဝတီမြို့၏ အရှေ့မြောက်ဘက် (၂၉)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၉၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။