DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၅-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊  မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း ဒေသများသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း မြောက်-အနောက် မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ()ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၅၄)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Myanmar-India Border Region) မြောက်လတ္တီတွဒ် (၂၄.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၁)ဒီဂရီ၊ အနက်(၃၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။