Tuesday, January 21, 2020 - 05:00
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၄)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၆)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (မင်းကင်းမြို့၏ အနောက်ဘက် (၄)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၄) ဒီဂရီ၊ အနက် (၄၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။