Sunday, July 19, 2020 - 01:30
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၀၈)မိနစ်၊ (၂၂)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ တောင်ဘက် (၅၃)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (မိုင်းကိုင်မြို့၏ အနောက်မြောက်ဘက် (၂၇)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၂၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။