DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၇-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၆း၂၅ နာရီ အချိန်ထုတ်ပြန်ချက်)

           ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ(၁၃)မိနစ်(၄၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၁၆၅၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Mindoro, Philippines)၊ မြောက်လတ္တီတွဒ် (၁၃.၈၅)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၁၂၀.၆၅)ဒီဂရီ၊ အနက် (၁၃၁)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၃) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။