DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၅-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၆:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ(၁၀)မိနစ်(၄၉)စက္ကန့်အချိန် တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၄၈)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဂန့်ဂေါမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၁)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၄၈)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၁၈)ဒီဂရီ၊ အနက်(၁၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။