DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၄-၉-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၅၂)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၇၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကနီမြို့၏ အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၂၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၈)ဒီဂရီ၊ အနက် (၁၀၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။