DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၅-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း ဒေသများသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

         ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ(၃၅)မိနစ်(၅၃)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၁၅၆၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Luzon, Philippines)၊ မြောက်လတ္တီတွဒ် (၁၄.၀၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၁၉.၄၃)ဒီဂရီ၊ အနက် (၃၅)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၄)အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။