DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ် နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ၅-၁၁-၂၀၂၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

၂၀၂၂ ခုနှစ်၊ မေလ (၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၅၉)မိနစ်၊ (၃၂)စက္ကန့်အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၆၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အနောက်မြောက်ဘက် (၂၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၅၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၆၇)ဒီဂရီ၊ အနက် ()ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။