DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Earthquake News

မြေငလျင်သတင်း

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၄၈)မိနစ်၊ (၅၆)စက္ကန့်အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်-နောက်တောင်ဘက် မိုင်(၈၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကန်ပက်လက်မြို့၏ အနောက်တောင်ဘက် (၂၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၀၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၉)ဒီဂရီ၊ အနက် (၂၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။