DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၆-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

 

Earthquake_News

မြေငလျင်သတင်း

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ(၅၆)မိနစ်(၄၁) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၆၇)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မိုင်းဆတ်မြို့၏ တောင်-အနောက်တောင်ဘက် (၁၀)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၃၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၂၂)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။