လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။”


