DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၁၀-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂၆-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ လည်းကောင်း  ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

 

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်များ(၂၅-၁၀-၂၀၂၅)

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်များ(၂၅-၁၀-၂၀၂၅) ရက်နေ့ ထုတ်ပြန်ချက်

မြို့

လက်ရှိ

မိုးလေဝသ

အခြေအနေ

အပူချိန်

မနက်ဖြန်အတွက်

မိုးလေဝသ

ခန့်မှန်းချက်

အပူချိန်

အနိမ့်ဆုံး

အမြင့်ဆုံး

အနိမ့်ဆုံး

အမြင့်ဆုံး

နေပြည်တော်

မိုးရွာ ၂၃ ၃၅ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ၂၃ ၃၅

ရန်ကုန်

မိုးရွာ ၂၅ ၃၄ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ၂၅ ၃၄

တိုကျို

မိုးရွာ ၁၂ ၁၉ မိုးရွာ ၁၅ ၁၈

ပေကျင်း

နေသာမည်။ ၁၄ နေသာမည်။ ၁၅

ဟောင်ကောင်

တိမ်ထူထပ် ၁၆ ၂၁ တိမ်ထူထပ်မည်။  ၁၉ ၂၉

မနီလာ

ထစ်ချုန်း ၂၅ ၃၁ ထစ်ချုန်းမည်။ ၂၆ ၃၃

ဟနွိုင်း

တိမ်ထူထပ် ၂၀ ၂၄ နေသာမည်။ ၂၁ ၂၈

ကွာလာလမ်ပူ

တိမ်ထူထပ် ၂၄ ၃၀ ထစ်ချုန်းမည်။  ၂၄ ၂၅

ဂျာကာတာ

ထစ်ချုန်း ၂၄ ၃၃ မိုးရွာမည်။  ၂၄ ၃၃

စင်ကာပူ

တိမ်ထူထပ် ၂၆ ၃၁ တိမ်ထူထပ်မည်။  ၂၆ ၃၄

ဘန်ကောက်

တိမ်ထူထပ် ၂၄ ၃၂ အများအားဖြင့်သာယာမည်။ ၂၆ ၃၃

ဗီယန်ကျင်း

အများအားဖြင့်သာယာ ၂၁ ၃၀ ထစ်ချုန်းမည်။  ၂၂ ၃၂

ဖနွမ်းပင်

မိုးရွာ ၂၆ ၃၃ ထစ်ချုန်းမည်။  ၂၆ ၃၂
ဒါကာ နေသာမည်။ ၂၆ ၃၅ နေသာမည်။ ၂၃ ၃၃
ကိုးကာတား မြူထူထပ် ၂၆ ၃၅ မြူထူထပ်မည်။  ၂၄ ၃၄
ကိုလံဘို မိုးရွာ ၂၅ ၂၉ မိုးရွာမည်။  ၂၅ ၃၂
နယူးဒေလီ မြူထူထပ် ၂၀ ၃၁ မြူထူထပ်မည်။  ၂၁ ၃၂