DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၀-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း နှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊

ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေ

သကြီးအထက်ပိုင်း၊ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်

ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကယားပြည်နယ်နှင့် မွန်ပြည်နယ်

တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ကာ၊ရန်ကုန်တိုင်းဒေသကြီးတို့တွင်နေရာကွက်၍ မိုးကြီးခဲ့ပါသည်။

မှတ်သားဖွယ်ရာမိုးရေချိန်များမှာကိုကိုးကျွန်းမြို့တွင်(၃.၆၂)လက်မ၊တမူးမြို့တွင်(၂.၃၆)လက်မ၊အမ်းမြို့တွင်

(၁.၇၄)လက်မ၊မိုးကောင်းမြို့နှင့်ဟိုင်းကြီးကျွန်းမြို့တို့တွင်(၁.၆၁)လက်မစီ၊ မြိတ်မြို့တွင်(၁.၄၆)လက်မ၊

နေပြည်တော်(ဇေယျာသီရိ)တွင်(၁.၃၀)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန်တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်နောက်(၂၄)နာရီအတွင်း

ပိုမိုအားကောင်းကာမုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ဘင်္ဂလားပင်လ

ယ်အော်မြောက်ပိုင်းတွင်တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလား

ပင်လယ်အော်တို့တွင်တိမ်ထူထပ်နေပါသည်။

ထူးခြားသည့်အခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တိုင်းထွာချက်များအရ

ယမန်နေ့ကတောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်း “ခနန်” (Khanun)

သည်တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပြီး၊အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့အားလျော့

သွားခဲ့ပါသည်။ အဆိုပါအပူပိုင်းမုန်တိုင်းငယ်သည်အနောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားမည်ဟု

ခန့်မှန်းရပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်ကျား၊

မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်

ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုး

ထစ်ချုန်းရွာပြီး၊နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်

၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုး

သက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်

ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ် နိုင်ပါသည်။လှိုင်းအမြင့်မှာ

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။