DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၉-၅-၂၀၂၄ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
============================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ အချိန်

တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်းနှင့် ယင်းနှင့်

ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတို့တွင်

ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက် လက် တည်ရှိနေပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေ သကြီးတွင် နေရာစိပ်စိပ်၊

ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့်

နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင် ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့်

ကရင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါ

သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း

တစ်လျှောက်တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ

မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန် ရွာနှုန်း(၆၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရွာနှုန်း (၈၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်

အတင့် ဖြစ်ထွန်းမည်။