DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၂-၂-၂၀၂၆ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၉ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့  မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

ကချင်ပြည်နယ်တွင်နေရာကျဲကျဲနှင့်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင်နေရာကွက်ကျားမိုးထစ်

ချုန်းရွာခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ချင်းပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင်အများအားဖြင့်သာယာခဲ့ပါသည်။နေ့အပူချိန်များမှာချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်

မတ်လ၏ပုံမှန်အပူချိန်တို့ထက်(၃)ဒီဂရီစင်တီဂရိတ်နှင့်မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်

(တောင်ပိုင်း)နှင့်မွန်ပြည်နယ်တို့တွင်မတ်လ၏ပုံမှန်အပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ကျန်တိုင်း

ဒေသကြီးနှင့်ပြည်နယ်တို့တွင်မတ်လ၏ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်နေ့အပူချိန်များမှာ

ချောက်မြို့တွင်(၄၂)ဒီဂရီစင်တီဂရိတ်၊မကွေးမြို့နှင့်ဘော်လခဲမြို့တို့တွင်(၄၁)ဒီဂရီစင်တီဂရိတ်စီနှင့်

မိတ္ထီလာမြို့၊တံတားဦးမြို့၊မင်းဘူးမြို့၊အောင်လံမြို့၊တောင်တွင်းကြီးမြို့၊ဆင်ဖြူကျွန်းမြို့နှင့်တောင်ငူမြို့တို့တွင်

(၄၀)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာမချမ်းဘောမြို့တွင်(ဝ.၂၈)လက်မနှင့်

ပူတာအိုမြို့တွင်(ဝ.၁၂)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာနေပြီး၊

ကပ္ပလီပင်လယ်ပြင်နင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အနည်းငယ်မှတိမ်အသင့်အတင့်

ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်

ကချင်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။စစ်ကိုင်းတိုင်းဒေ

သကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ကျန်တိုင်းဒေသကြီးနင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၃)ပေမှ(၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်နေရာကွက်ကျားမှနေရာကျဲကျဲ

မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။   အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။  အများအားဖြင့် သာယာမည်။