DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁၉-၀၃-၂၀၂၄): ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဝေါဟာရ အဓိပ္ပာယ်

မိုးလေဝသ သတင်းများ၌သုံးသော အသုံးအနှုန်းများနှင့် ဆိုလိုသည့် အဓိပ္ပါယ်များ

မိုးလေဝသခန့်မှန်းချက် မည်မျှလောက် သေချာသည်၊ မသေချာသည်ကို ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အသုံးပြုထားသည့် စကားလုံးများကို ကြည့်ခြင်းဖြင့်သိရှိနိုင်ပါသည်။ ထို့ကြောင့် မိုးလေဝသ ခန့်မှန်းချက် အသုံးပြုသော ပုဂ္ဂိုလ်အဖွဲ့အစည်းများသည် ခန့်မှန်းချက်များမည်မျှထိ ရောက်နိုင် သည်ကို အသုံးပြုထားသည့် စကားလုံးများကို သေချာစွာ လေ့လာရန် လိုအပ်ပါသည်။

၁။ ပထမဆင့် ခန့်မှန်းရာတွင် (မည်) ဆိုသည့်စကား ထည့်သွင်းထားပါသည်။
ဥပမာ။ မိုးရွာမည်။ မိုးထစ်ချုန်းရွာမည်။ (သေချာသည့် ရာခိုင်နှုန်းမှာ (၈၀)၊ သို့မဟုတ် ရာခိုင်နှုန်းပြည့်)
၂။ ဒုတိယအဆင့် ခန့်မှန်းချက်တွင် (နိုင်) ဆိုသည့်စကား ထည့်သွင်းထားပါသည်။
ဥပမာ။ မိုးထစ်ချုန်းရွာနိုင်ပါသည်။ (သေချာသည့် ရာခိုင်နှုန်းမှာ (၆၀))
၃။ တတိယအဆင့် ခန့်မှန်းချက်တွင် (ဘွယ်ရာရှိသည်) ဆိုသည့် စကားထည့်သွင်းထား ပါသည်။
(၁) အနှံ့အပြား နေရာတိုင်းတွင် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းဖြစ်ပါသည်။ မုန်တိုင်း၊ သို့မဟုတ် အခြားမိုးလေဝသဆိုးဝါးချက်ကြောင့် ဖြစ်ပါသည်။ မိုးရာသီတွင် မုတ်သုံလေအား ကောင်းသောအခါများ၌ ဖြစ်ပေါ် ပါသည်။
(၂) နေရာစိတ်စိတ် (၈၀)ရာခိုင်နှုန်းသော နေရာတွင်ဖြစ်ပေါ်ပါသည်။ မုန်တိုင်း၊သို့မဟုတ် အခြားမိုးလေဝသ ဆိုးဝါးချက်ကြောင့် ဖြစ်ပါသည်။ မိုးရာသီတွင် မုတ်သုံလေအား အသင့်အတင့်ကောင်းသောအခါ ဖြစ်ပါသည်။
(၃) နေရာကဲျကဲျ (၅၀) ရာခိုင်နှုန်းသော နေရာတွင် ဖြစ်ပေါ်ပါသည်။ လေပွေလှိုင်းများ၊ မုန်တိုင်းစပေါ်ကာစ အချိန်အခါများ၌ ဖြစ်ပါသည်။ မိုးတွင်းအခါများ တွင်မုတ်သုံလေ အားပျော့သောအခါများတွင် ဖြစ်ပါသည်။
(၄) နေရာကွက်ကျား (၃၀) ရာခိုင်နှုန်းသော နေရာတွင် ဖြစ်ပေါ်ပါသည်။ လေပွေလှိုင်းများ၊ မုန်တိုင်းစပေါ်ကာစ အချိန်အခါများ၌ ဖြစ်ပါသည်။ မိုးတွင်းအခါများ တွင် မုတ်သုံလေအား အလွန်ပျော့သောအခါများတွင် ဖြစ်ပါသည်။
(၅) ပြတ်တောင်း မိုးရွာလိုက်၊ ရပ်လိုက်ဖြစ်ပါသည်။ မုန်တိုင်း၊ သို့မဟုတ် အခြားသော မိုးလေဝသအခြေအနေများဖြစ်ပေါ်သည့်အခါဖြစ်ပါသည်။ မိုးတွင်းတွင် မုတ်သုံလေအား ကောင်းပါက ဖြစ်ပါသည်။
(၆) ခေတ္တခဏ နာရီပိုင်းလောက် ရွာခြင်းဖြစ်ပါသည်။ မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်သည့် အခါ ရွာခြင်းဖြစ်ပါသည်။
(၇) တစ်ခါတစ်ရံ (၂၄) နာရီအတွင်း (၁)ကြိမ်၊ (၂)ကြိမ်လောက် ရွာခြင်းဖြစ်ပါသည်။ မုတ်သုံလေအား အသင့်အတင့်နှင့် အားပျော့သည့်အခါများ ဖြစ်ပါ သည်။
(၈) အနည်းငယ် (၂၄)နာရီအတွင်းရွာသည့်မိုးရေချိန်မှာ မြန်မာပြည်အလယ်ပိုင်း အတွက် လက်မဝက်ထက်နည်းပြီး၊ ကျန်ဒေသများအတွက် (၁)လက်မထက် နည်းခြင်း ဖြစ်ပါသည်။
(၉) အသင့်အတင့်် (၂၄)နာရီအတွင်းရွာသည့်မိုးရေချိန်မှာ မြန်မာပြည်အလယ်ပိုင်း အတွက် လက်မဝက်နှင့် (၁)လက်မခွဲကြား ဖြစ်ပြီး၊ ကျန်ဒေသများအတွက် (၁)လက်မ နှင့် (၃)လက်မကြား ဖြစ်ပါသည်။
(၁၀) သည်းထန်မည် တစ်နာရီတွင်း (၁)လက်မနှင့် အထက်ရွာခြင်းဖြစ်ပါသည်။
(၁၁) မိုးကြီးမည် (၂၄)နာရီအတွင်း မြန်မာပြည်အလယ်ပိုင်းအတွက် (၁)လက်မခွဲနှင့် အထက်နှင့် ကျန်ဒေသများအတွက် (၃)လက်မနှင့် အထက်ရွာခြင်း ဖြစ်ပါသည်။
(၁၂) နေရာကွက်၍ မိုးကြီးခြင်း (၂၄)နာရီအတွင်း (၃၀)ရာခိုင်နှုန်းသောနေရာတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကို ဆိုလိုပါသည်။ မိုးရေချိန်ပမာဏမှာ မြန်မာပြည် အလယ်ပိုင်းအတွက် (၁.၅)လက်မနှင့် အထက်ရှိပြီး၊ ကျန်ဒေသများတွင် (၃)လက်မနှင့် အထက်ရရှိခြင်းဖြစ်ပါသည်။
(၁၃) ဒေသအလိုက် မိုးကြီးခြင်း (၂၄)နာရီအတွင်း (၅၀)ရာခိုင်နှုန်းသောနေရာတွင် မိုး သည်းထန်စွာ ရွာသွန်းခြင်းကိုဆိုလိုပါသည်။ မိုးရေချိန် ပမာဏ မှာ မြန်မာပြည် အလယ်ပိုင်းအတွက် (၁.၅)လက်မနှင့် အထက် ရှိပြီး၊ ကျန်ဒေသများတွင် (၃)လက်မနှင့် အထက် ရရှိခြင်း ဖြစ်ပါ သည်။

ဘင်္ဂလားပင်လယ်အော်အားပိုင်းခြားဖော်ပြခြင်း

(၁) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း- လတ္တီကျုအားဖြင့် (၁၈.၅) ဒီဂရီနှင့် အထက်
(၂) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း- လတ္တီကျုအားဖြင့် မြောက်လတ္တီကျု (၁၃) ဒီဂရီ နှင့် (၁၈.၅)ဒီဂရီအတွင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီ ၎င်း၏ အနောက်ဖက်အပိုင်း
(၃) ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း- လတ္တီကျုအားဖြင့် မြောက်လတ္တီကျု (၁၃) ဒီဂရီနှင့် (၁၈.၅)ဒီဂရီအတွင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု(၈၈.၅)ဒီဂရီနှင့် ၎င်း၏အရှေ့ဖက်အပိုင်း
(၄) ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း- လတ္တီကျုအားဖြင့် (၁၃)ဒီဂရီနှင့် ၎င်း၏ တောင်ဖက် အပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၆) ဒီဂရီနှင့် ၎င်း၏ အနောက်ဖက်အပိုင်း
(၅) ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း- လတ္တီကျုအားဖြင့် (၁၃)ဒီဂရီနှင့် ၎င်း၏ တောင်ဖက်အပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၆) ဒီဂရီနှင့် (၉၃)ဒီဂရီ အကြား
(၆) ကပ္ပလီပင်လယ်ပြင်- မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် ၎င်း၏ တောင် ဖက် လတ္တီကျုအနိမ့်ပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၉၃)ဒီဂရီနှင့် တနင်္သာရီကမ်းရိုးတန်း အကြားရှိအပိုင်း

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်သောမုန်တိုင်းများအားလေတိုက်နှုန်းအရ အဆင့်သတ်မှတ်ခြင်း

(၁) လေဖိအားနည်းရပ်ဝန်း- တစ်နာရီလျှင် လေတိုက်နှုန်း(၃၂)မိုင်နှုန်းနှင့် ၎င်း၏အောက် လျော့နည်း တိုက်ခတ်ခြင်း
(၂) အပူပိုင်းမုန်တိုင်းငယ်- တစ်နာရီလျှင် လေတိုက်နှုန်း(၃၃)မိုင်နှုန်းနှင့် (၃၈)မိုင်နှုန်းကြား တိုက်ခတ်ခြင်း
(၃) အပူပိုင်းမုန်တိုင်း- တစ်နာရီလျှင် လေတိုက်နှုန်း(၃၉)မိုင်နှုန်းနှင့် (၅၅)မိုင်နှုန်းကြား တိုက်ခတ်ခြင်း
(၄) ဆိုင်ကလုန်းမုန်တိုင်း- တစ်နာရီလျှင် လေတိုက်နှုန်း(၅၆)မိုင်နှုန်းနှင့် (၇၂)မိုင်နှုန်းကြား တိုက်ခတ်ခြင်း
(၅) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီလျှင် လေတိုက်နှုန်း(၇၃)မိုင်နှုန်း နှင့် အထက် တိုက်ခတ်ခြင်း
(၆) အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီလျှင် လေတိုက်နှုန်း မိုင်(၁၀၀) နှုန်းနှင့်အထက် တိုက်ခတ်ခြင်း
(၇) ဟာရီကိန်းတမျှပြင်းထန်သောအားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီ လျှင် လေတိုက်နှုန်း(၁၂၀)မိုင်နှုန်းနှင့် အထက် တိုက်ခတ်ခြင်း

ရွာသွန်းမြဲ/ဖြစ်မြဲ

(၁)ရွာသွန်းမြဲ/ဖြစ်မြဲ - အနည်းဆုံးနှစ်(၃၀)ရှိသောမိုးရေချိန်/အပူချိန်များ၏ ပျမ်းမျှတန်ဖိုး
(၂)ရွာသွန်းမြဲ/ဖြစ်မြဲ အထက်- ရွာသွန်းမြဲ/ဖြစ်မြဲ၏အထက် ၂၀% နှင့် အထက်ကျော်လွန်သော
(၃) ရွာသွန်းမြဲ/ဖြစ်မြဲ အောက်- ရွာသွန်းမြဲ/ဖြစ်မြဲ၏‌အောက် ၂၀% နှင့် ‌အောက်လျော့သော

အပူချိန်သတ်မှတ်ချက်များ

(၁) အနည်းငယ်ပို- ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ် ထက် ပိုခြင်း
(၂) သိသိသာသာပို- ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင် တီဂရိတ် ထက် ပိုခြင်း
(၃) အပူလှိုင်း- ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ် ထက်ပိုခြင်း
(၄) အားကောင်းသောအပူလှိုင်း- ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၉)ဒီဂရီစင်တီဂရိတ်နှင့် အထက်ပိုခြင်း
(၅) အနည်းငယ်လျော့- ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီ ဂရိတ် အောက် လျော့ခြင်း
(၆) သိသိသာသာလျော့- ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီ စင်တီ ဂရိတ် အောက် လျော့ခြင်း
(၇) အအေးလှိုင်း- ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ် အောက် လျော့ခြင်း
(၈) အားကောင်းသောအအေးလှိုင်း- ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၉)ဒီဂရီစင်တီဂရိတ်နှင့် အောက်လျော့ခြင်း

ပင်လယ်ပြင်အခြေအနေဖော်ပြချက်

(၁) လှိုင်းအနည်းငယ်- ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်ဖြစ်ပေါ်နေပြီး၊ လှိုင်းအမြင့်မှာ (ဝ.၅)မီတာ နှင့် (၁.၂၅)မီတာအတွင်းရှိပါသည်။
(၂) လှိုင်းအသင့်အတင့်- ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ဖြစ်ပေါ်နေပြီး၊ လှိုင်းအမြင့်မှာ (၁.၂၅)မီတာနှင့် (၂.၅)မီတာအတွင်းရှိပါသည်။
(၃) လှိုင်းကြီး- ပင်လယ်ပြင်တွင် လှိုင်းကြီးနေပြီး၊ လှိုင်းအမြင့်မှာ (၂.၅)မီတာမှ (၄)မီတာအတွင်းရှိပါသည်။
(၄) လှိုင်းအလွန်ကြီး- ပင်လယ်ပြင်တွင် လှိုင်းအလွန်ကြီးနေပြီး၊ လှိုင်းအမြင့်မှာ (၄.ဝ)မီတာမှ (၆)မီတာအတွင်းရှိပါသည်။

မုတ်သုံအင်အားအခြေအနေ

အနောက်တောင်မုတ်သုံကာလအတွင်း ရခိုင်ကမ်းရိုးတန်း၏ မုတ်သုံအင်အားကိုတွက်ချက်ရာတွင် စစ်တွေမြို့နှင့် မော်လမြိုင်မြို့တို့၏ လေထုဖိအားခြားနားချက်(မီလီဘား) တန်ဖိုးကို တွက်ချက်၍ အောက်ပါအတိုင်းမုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -

∆P ≤ ၁.၅ မီလီဘား (အားပျော့)
၁.၅ < ∆P ≤ ၃.၀ မီလီဘား (အားအနည်းငယ်)
၃.၀ < ∆P ≤ ၄.၀ မီလီဘား (အားအသင့်အတင့်)
၄.၀ <∆P ≤ ၅.၅ မီလီဘား (အားကောင်း)
∆P > ၅.၅ မီလီဘား (အားအလွန်ကောင်း)

တနင်္သာရီကမ်းရိုးတန်း၏ မုတ်သုံအင်အားကို တွက်ချက်ရာတွင် မော်လမြိုင်မြို့နှင့် ကော့သောင်မြို့တို့၏ လေထုဖိအားခြားနားချက်(မီလီဘား)တန်ဖိုးကို တွက်ချက်၍ အောက်ပါ အတိုင်း မုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -

∆P ≤ ဝ.၅ မီလီဘား (အားပျော့)
ဝ.၅ < ∆P ≤ ၁.၅ မီလီဘား (အားအနည်းငယ်)
၁.၅ < ∆P ≤ ၂.၀ မီလီဘား (အားအသင့်အတင့်)
၂.၀ <∆P ≤ ၂.၅ မီလီဘား (အားကောင်း)
∆P > ၂.၅ မီလီဘား (အားအလွန်ကောင်း)

ကမ်းရိုးတန်းတစ်ခုလုံး၏ မုတ်သုံအင်အားကို တွက်ချက်ရာတွင် စစ်တွေမြို့နှင့် ကော့သောင် မြို့တို့၏လေထုဖိအားခြားနားချက် (မီလီဘား)တန်ဖိုးကို တွက်ချက်၍ အောက်ပါ အတိုင်း မုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -

∆P ≤ ၂.၀ မီလီဘား (အားပျော့)
၂.၀ < ∆P ≤ ၄.၀ မီလီဘား (အားအနည်းငယ်)
၄.၀ < ∆P ≤ ၆.၀ မီလီဘား (အားအသင့်အတင့်)
၆.၀ <∆P ≤ ၈.၀ မီလီဘား (အားကောင်း)
∆P > ၈.၀ မီလီဘား (အားအလွန်ကောင်း)
  1. စိုးရိမ်ရေမှတ်
    စိုးရိမ်ရေမှတ်ဟူသည်မှာ ရေမှတ်တိုင်ပေါ်တွင် ရွေးချယ်သတ်မှတ်ထားသော တန်ဖိုး ဖြစ်ပြီး မြစ်ရေသည်ယင်းအမှတ်ကိုကျော်လွန်ပါက မြစ်ကမ်းပါးမှ လံျှကျလာသော ရေအားဖြင့် ထိုအရပ်ဒေသတွင် ရေလွှမ်းမှုဖြစ်ပေါ်နိုင်ကြောင်း ညွှန်ပြသည့်မြစ်ရေမှတ် တန်ဖိုးဖြစ်ပါသည်။
  2. ရေနည်းသတိပေးမှတ်
    ရေနည်းသတိပေးမှတ်ဟူသည်မှာ ရေမှတ်တိုင်ပေါ်တွင် ရွေးချယ်သတ်မှတ်ထား သော တန်ဖိုးဖြစ်ပြီး မြစ်ရေသည်ယင်းအမှတ်အောက်သို့ ဆက်လက်ကျဆင်းပါက ရေကြောင်း သွားလာခြင်းနှင့် မြစ်ရေတင်ခြင်းစသည်တို့တွင် အခက်အခဲ ဖြစ်နိုင်ကြောင်း ညွှှန်ပြသည့် မြစ်ရေမှတ် တန်ဖိုးဖြစ်ပါသည်။
  3. ထူးခြားမြစ်ရေအခြေအနေသတင်း
    အထူးသဖြင့် မိုးဦးကာလတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားးဒေသ၌ မြစ်ရေသည် (၂၄)နာရီအတွင်း (၂၀၀)စင်တီမီတာ (၇ ပေခန့်)နှင့်အထက် ရုတ်တရက်ထိုးတက်လာပါက မြစ် အလယ်ပိုင်းနှင့် အောက်ပိုင်းတွင်လည်း မြစ်ရေများမြင့်တက်လာမည်ဖြစ်၍ မြစ်ကမ်းပါ:တွင် ယာယီအခြေချနေသူများအား သတိပေးနိုင်ရန်ရည်ရွယ်လျှက် (၃)ရက်မှ (၇)ရက်အတွင်း မြင့်တက်လာနိုင်သည့် မြစ်ရေခန့်မှန်းချက်နှင့်အတူ ထုတ်ပြန်ပေးသော သတင်းဖြစ်ပါသည်။
  4. မြစ်ရေကြီးမည့်သတိပေးချက်
    အရပ်ဒေသတစ်ခုတွင် ရေကြီးမှု (စိုးရိမ်ရေမှတ်ကျော်လွန်မှု) ဖြစ်ပေါ်နိုင်ကြောင်း (၁)ရက် မှ (၃)ရက်ခန့်ကြိုတင်၍ ထုတ်ပြန်ပေးသည့်သတိပေးချက်ဖြစ်ပါသည်။
  5. မြစ်ရေကြီးမှု အခြေအနေသတင်း
    အရပ်ဒေသတစ်ခု၌ ရေကြီးမှု (စိုးရိမ်ရေမှတ်ကျော်လွန်မှု) ဖြစ်ပေါ်ချိန်တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သို့မဟုတ် စိုးရိမ်ရေမှတ် အောက်သို့ ကျဆင်းနိုင်ကြောင်း (၁)ရက်မှ (၃)ရက်ခန့်ကြိုတင်၍ ထုတ်ပြန်ပေးသော သတင်းဖြစ်ပါသည်။
  6. လျှပ်တစ်ပြတ်ရေကြီးခြင်း
    (၁)ရက် (သို့) နာရီပိုင်းအတွင်း မိုးအဆမတန် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ငယ်၊ ချောင်းငယ်များတွင် တစ်ရှိန်ထိုးရေတက်လာပြီး လျင်မြန်စွာ ရေပြန်ကျသော ရေကြီးခြင်းမိုျးကို လျှပ်တစ်ပြတ်ရေကြီးခြင်း ဟုခေါ်ပါသည်။
  7. ကျယ်ပြန့်ရေကြီးခြင်း
    မြစ်ဖျားဒေသတွင် သုံးရက်နှင့်အထက် အဆက်မပြတ် မိုးကြီးမှုကြောင့် မြစ်ဖျားမှ မြစ် အောက်ပိုင်းအထိ ရေကြီးမှုဖြစ်ပေါ်သော မြစ်ရေကြီးမှုကို ကျယ်ပြန့်ရေကြီးခြင်း ဟုခေါ်ပါသည်။
  8. မုန်တိုင်းဒီရေတက်ခြင်း
    ပင်လယ်ပြင်တွင် မုန်တိုင်းများဖြစ်ပေါ်ပြီး ကမ်းကိုဖြတ်ကျော်သည့်အခါ တိုက်ခတ်သော လေပြင်းများကြောင့်မြစ်ဝနှင့်ကမ်းခြေများတစ်လျှောက်တွင် လှိုင်းနှင့်အတူ ရေတက်လာသော ဖြစ်ရပ် ကို မုန်တိုင်းဒီရေတက်ခြင်းဟုခေါ်ပါသည်။
  9. နယ်စပ်ကျော်ဖြတ်ရေကြီးခြင်း
    နယ်စပ်ကျော်ဖြတ်ရေကြီးခြင်းဆိုသည်မှာ အိမ်နီးချင်းနိုင်ငံများအား ဖြတ်ကျော် စီးဆင်း လာသော မြစ်များတွင် ရေကြီးမှုကြောင့် မိမိနိုင်ငံအတွင်းရှိ ဆပ်စပ်နေသော မြစ်များတွင်ပါ ရေကြီးမှုဖြစ်ပေါ်ခြင်းကို ခေါ်ပါသည်။