DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၁၀-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်တင့်မှ တိမ်ထူထပ် နေပါသည်။

 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၆း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ(၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ(၅၂)မိနစ်(၂၈) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၆၀) ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (မိုးကောင်းမြို့၏ အနောက်ဘက် (၂၄)မိုင်ခန့် အကွာ)၊ မြောက်လတ္တီ တွဒ် (၂၅.၂၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၄)ဒီဂရီ၊ အနက်(၃၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။