DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့ဘက် ရေမိုင် ၂၄၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့ တောင်ဘက်‌ ရေမိုင် ၂၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။   အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။  ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတွင် နေရာကွက်ကျား၊ မန္တလေးတိုင်း

ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မွန်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊

တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင်‌့ ကျန်တိုင်းဒေသကြီး

နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့်

ရန်ကုန်တိုင်းဒသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ

ကျောက်ဖြူမြို့တွင် (၅.၃၁)လက်မ၊ ရန်ကုန် (ဒဂုံမြောက်ပိုင်း)တွင် (၃.၅၄)လက်မ၊ မာန်အောင်မြို့

တွင် (၃.၄၆)လက်မ၊ မောင်တောမြို့နှင့် ကျောက်တော်မြို့တို့တွင် (၃.၁၅) လက်မစီ၊ ညောင်လေး

ပင်မြို့တွင် (၂.၉၅)လက်မ၊ ဖြူးမြို့တွင် (၂.၈၃)လက်မ၊ ဟင်္သာတမြို့တွင် (၂.၆၄)လက်မ၊ ပလက်ဝ

မြို့နှင့် ဟုမ္မလင်းမြို့တို့တွင် (၂.၅၆)လက်မစီနှင့် ရန်ကုန်(မြို့လယ်)တွင် (၂.၄၄)လက်မတို့

ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။    ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း

ဒေသကြီးနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင်‌့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်

တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊  ရခိုင်ပြည်နယ် တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး

အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင်‌့ ကမ်းလွန်ပင်လယ်ပြင်တို့တွင်

ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ

သည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါ သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။     စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်

တို့တွင် မိုးဆက်လက် ပိုနေမည်။  

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။  မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။