DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း

မုန်တိုင်းငယ်သတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ မြန်မာစံတော်ချိန်(၂၀း၃၀)နာရီအချိန်ထုတ်ပြန်ချက်)

       

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅)၊၂၀၁၆  
မုန်တိုင်းငယ်အ‌ခြေအနေ

 
(က)    ယနေ့မြန်မာစံတော်ချိန် (၂၀း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်

နိုင်ငံတောင်ပိုင်းနှင့်ယင်းနှင့် ဆက်စပ်လျက်ရှိသော  အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား

ကမ်း‌ခြေအနီးတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊

အိန္ဒိယနိုင်ငံ၊ ခရစ်နန်နဂါမြို့၏ အရှေ့ဘက် (၃၇)မိုင်ခန့်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချူဒန်ဂါ မြို့၏

အရှေ့တောင်ဘက် (၂၅)မိုင်ခန့် အကွာတွင် တည်ရှိနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည်

မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

 (ခ)    မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံကမ်း‌ခြေ

အနီးတွင် ဖြစ်ပေါ်နေပြီး၊မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိသေးသော်

လည်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့

ရောက်ရှိနေသဖြင့် လက်ရှိအခြေအနေအား  လိမ္မော်ရောင် အဆင့်ဟုသတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါမုန်တိုင်းငယ်သည် ွမန်မာစံတော်ချိန်(၂၀း၀၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၂၃.၄)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၈၉.၁)ဒီဂရီတွင်ရှွိပီး၊ ဗဟိုချက်လေဖိအား (၉၉၆) ဟက်တို

ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်

(က)    အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်

ပိုင်းတို့ တွင် ဒေသအလိုက်မိုးကြီးနိုင်ပါသည်။

(ခ)    အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှာက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊  လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၄၀)အထိ

တိုက်ခတ် နိုင်ပါသည်။

အကြံပြုချက်

(က)    အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်

မြောက်ပိုင်း အတွင်းနေထိုင်ကြသူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊

ရုတ်တရက် ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်

နေထိုင်    ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ရခိုင်ကမ်းရိုးတန်း

မြောက်ပိုင်းနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊

ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်း

လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့

ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း  ကြိုတင်

သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။