DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Depression News

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၆

(၁၇.၈.၂၀၁၆)ရက်နေ့ (၁၂း၃၀)အချိန်ထုတ်ပြန်ချက်

မုန်တိုင်းငယ်အ‌ခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၂း၀၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်

အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိ သာသာ ရွေ့လျားခြင်းမရှိဘဲ

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၏တောင်- အရှေ့တောင် ဘက် (၇၅)မိုင်ခန့်အကွာ၊ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး

အနောက်- အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး၊ မြန်မာနိုင်ငံဘက်သို့

ဦးတည်ရွေ့လျားမည့်အခြေအနေမရှိဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၂း၀၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၂၁.၃)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၈၈.၄)ဒီဂရီတွင်ရှွိပီး၊ ဗဟိုချက်လေဖိအား (၉၉၂)

ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်
(က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်

အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

(က) မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊

ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊‌သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်

အကြံပြုအပ်ပါသည်။