DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Storm Warning

မုန်တိုင်းငယ်သတိပေးချက်
=====================
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

                                                            မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၄)၊၂၀၁၆
မုန်တိုင်းငယ်အ‌ခြေအနေ

===========================
(က)ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့

အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင်

ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိပဲဆက်လက် တည်ရှိနေပြီး၊

မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် မိုင် (၂၀၀)ခန့်၊ပုသိမ်မြို့၏အနောက်-အနောက်တောင်

ဘက် မိုင်(၃၃၀)ခန့်၊ ရန်ကုန်မြို့ ၏ အနောက်-အေနာက်တောင်ဘက် မိုင်(၄၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊

ပို့လ်ဘလဲယား မြို့၏အနောက်-အနောက်မြောက်ဘက် မိုင်(၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့

လျားပြီး၊ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မည် ဟု

ခန့်မှန်းရပါသည်။

(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ဦးတည်နေပါသဖြင့်လိမ္မော်ရောင်

အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
===========================================
(က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၃.၉)ဒီဂရီနှင့်

အရှေ့လောင်ဂျီကျု (၈၉.၈)ဒီဂရီတွင်ရှိပြီး၊ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ

တိုက်နှုန်းမှာတစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
=======================
(က) အဆိုပါမုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့အားကောင်း

လာနိုင်ပြီး၊မြန်မာနိုင်ငံကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
===============
(က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၃.၁၀.၂၀၁၆)ရက်နေ့မှ(၂၅.၁၀.၂၀၁၆)ရက်နေ့အတွင်း

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်

ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊

နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ)အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်း

တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊

လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်အထိ

တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်
========
(က) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့ရှိ

ကမ်းနီး၊ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရန် အကြံပြုအပ်ပါသည်။