DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၁-၅-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

Cyclonic Storm News

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၆)

ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ
  (က)    ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-

အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက်

မိုင်(၃၆၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၃၅၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်

တောင်ဘက် (၃၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်

(၃၁၀)ခန့်နှင့် မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၄၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်တောင်ဘက်သို့ ဆက်

လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိသဖြင့် ဆိုင်ကလုန်း

မုန်တိုင်း၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၁၆.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့်

အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀)နှုန်းခန့် ွဖစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၂၄)နာရီအတွှင်း ပိုမိုအားကောင်းလာ နိုင်ပြီး၊ အနောက်

-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရ ပါသည်။

သတိပေးနှိုးဆော်ချက်

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ ရောက်ပြီး လှိုင်းအသင့်အတင့်မှ

လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ

တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း  ကြိုတင်

သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။