DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတိပေးချက် (၆.၁၁.၂၀၁၆)

မုန်တိုင်းငယ်သတိပေးချက်

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁၃)

မုန်တိုင်းငယ်အ‌ခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၆း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်

မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊

ဘင်္ဂလားပင်လယ်အော်ေြမာက်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏

အနောက်တောင်ဘက် မိုင်(၁၅၀)ခန့်၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၈၀)ခန့်နှင့်

မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊

နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်

သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်မည်ဖြစ်ရာ

မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသများနှင့် ချင်း ပြည်နယ်တို့သည် မုန်တိုင်းငယ်၏

အန္တရာယ်စက်ဝန်းအတွင်း ကျရောက်နိုင်ပါသဖြင့် လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်ဟု

သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၆း၀၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၀.၅)

ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၀.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါ

စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် (၇.၁၁.၂၀၁၆)ရက်နေ့မှ (၈.၁၁.၂၀၁၆)ရက်နေ့

အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊

နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်

ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ

တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ

ဖစ်ပေါ်နိုင်ပါသဖြင်‌့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်

သတိပြုနေထိုင်ကြပါရန်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊

ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။