DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့ တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်၊ ကာကီနာဒါမြို့(Kakinada)၏ အရှေ့တောင်ဘက်‌ ရေမိုင် ၄၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်အလယ်ပိုင်း တို့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း၊  ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း  ရောက်ရှိနိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားအရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

 

Daily Weather Forecast

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မန္တလေး

တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ

ကွက်ကျား မိုးရွာခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်

တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့်

သာယာခဲ့ပါသည်။ ညအပူချိန်များမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏

ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်

ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ လွိုင်လင်မြို့တွင် (၄)ဒီဂရီ

စင်တီဂရိတ်၊ ဟားခါးမြို့တွင် (၆)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့နှင်‌့ ဟဲဟိုးမြို့တို့တွင် (၈)ဒီဂရီစင်တီဂရိတ်စီ၊

ပူတာအိုမြို့၊ ပင်လောင်းမြို့နှင့် နောင်ချိုမြို့တို့တွင် (၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သား

ဖွယ်ရာ မိုးရေချိန်များမှာ ကလေးဝမြို့တွင် (ဝ.၂၀)လက်မနှင့် ကျိုင်းတုံမြို့တွင် (ဝ.၁၆)လက်မတို့

ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယ

သမုဒ္ဒရာတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည်

ပိုမိုအားကောင်းလာနိုင်ပြီး နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု

ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊

ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
 
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး

တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်မှ

တိမ်ထူထပ်နိုင်ပြီး၊  ကျန်တိုင်းဒေသကြီးနှင်‌့ ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်

ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊

ရှမ်းပြည်နယ်၊ ချင်းွပည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ

မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။  တိမ်အသင့်အတင့်မှ

တိမ်ထူထပ်မည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။   တိမ်အသင့်အတင့်မှ

တိမ်ထူထပ်မည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။  တိမ်အသင့်အတင့်မှ

တိမ်ထူထပ်မည်။