DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း (၃၀.၁၁.၂၀၁၆)

ဆိုင်ကလုန်းမုန်တိုင်းသတင်း

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄း၀၀) နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၄)၊၂၀၁၆

ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့

တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည်အနောက်မြောက်ဘက်သို

ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်း “နာဒါ” (Nada)အဖြစ် ဘင်္ဂလားပင်လယ်

အော်အနောက်တောင်ပိုင်းနှင်‌့ ယင်းနှင်‌့ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း

သို့ ရောက်ရှိ ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် (၄၁၅) မိုင်ခန့်၊ ပဒူချယ်ရီမြို့၏ အရှေ့

တောင်ဘက် (၃၉၅)မိုင်ခန့်နှင့်သီရီလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့၏ အရှေ့- အရှေ့တောင်ဘက် (၂၄၅)မိုင်

ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်

မြောက်ဘက်သို့ ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်

အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၈.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၁) ဟက်တိုပါ

စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်

(က) အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် (၂.၁၂.၂၀၁၆)ရက်နေ့ နံနက်ပိုင်းအချိန်တွင် အိန္ဒိယနိုင်ငံ၊

တမီနာဒူးကမ်းခြေမြောက်ပိုင်းရှိ ပဒူချယ်ရီမြို့နှင့် ဗီဒါရာနီယမ်မြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်

မည်ဟု ခန့်မှန်းရပါသည်။