DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Cyclonic Storm No.5 (30.11.2016)

ဆိုင်ကလုန်းမုန်တိုင်းသတင်း

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၉း၀၀) နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၅)၊၂၀၁၆

ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန်(၁၈း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်

အနောက်တောင်ပိုင်းနှင်‌့ယင်းနှင်‌့ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း

တွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း“နာဒါ”(Nada)သည်အနောက်မြောက်ဘက်သို့ရွေ့လျား

ခဲ့ပြီး၊အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့၏အရှေ့တောင်ဘက်မိုင်(၃၂၀)ခန့်၊ပဒူချယ်ရီမြို့၏အရှေ့တောင်ဘက်

မိုင်(၃၀၀)ခန့်နှင့်သီရိလင်္ကာနိုင်ငံ၊ထရင်ကိုမာလီမြို့၏အရှေ့-အရှေ့မြောက်ဘက်မိုင်(၁၉၀)ခန့်

အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အနောက်-အနောက်

မြောက်ဘက်သို့ရွေ့လျားနိုင်မည်ဟုခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမည့်အခြေ

အနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ဗဟိုချက်လေဖိအားနှင့်လေတိုက်နှုန်း

(က) အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်မြန်မာစံတော်ချိန်(၁၈း၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု

(၉.၅)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၈၄.၃)ဒီဂရီတွင်ရှိပြီး၊ဗဟိုချက်လေဖိအား(၁၀၀၀)ဟက်တိုပါ

စကယ်နှင့်အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၄၀)နှုန်းခန့်ဖြစ်ပါသည်။

နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်(၂.၁၂.၂၀၁၆)ရက်နေ့နံနက်ပိုင်းအချိန်တွင်အိန္ဒိယနိုင်ငံ၊

တမီနာဒူးကမ်းခြေမြောက်ပိုင်းရှိပဒူချယ်ရီမြို့နှင့်ဗီဒါရာနီယမ်မြို့အကြားမှဖြတ်ကျော်ဝင်ရောက်နိုင်

မည်ဟုခန့်မှန်းရပါသည်။