DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Cyclone

ဆိုင်ကလုန်းမုန်တိုင်းသတင်း

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၁း၃၀)နာရီအချိန်ထုတ်ပြန်ချက်)

                                                 ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇)၊၂၀၁၆  

ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ
 ယနေ့မြန်မာစံတော်ချိန် (၁၁း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်

တောင်ပိုင်းတွင်ဖြစ်ပေါ်နေ‌သော ဆိုင်ကလုန်းမုန်တိုင်း“နာဒါ”  (Nada) သည်အနောက်-အနောက်

မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၈၀)ခန့်၊

ပဒူချယ်ရီမြို့၏ အရှေ့ တောင်ဘက်(၁၄၅)မိုင်ခန့်နှင့်သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့၏ မြောက်

- အရှေ့မြောက်ဘက် (၁၁၃)မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်း

မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

   ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ

မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

   အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၁း၀၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၀.၄)

ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၁.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂) ဟက်တိုပါစကယ်နှင့်

အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

  အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၂၄)နာရီအတွင်း အားကောင်းသော အပူပိုင်းမုန်တိုင်းငယ်

အဖြစ်သို့ အားလျော့ကာ၊ (၂.၁၂.၂၀၁၆)ရက်နေ့ နံနက်ပိုင်း အချိန်တွင် အိန္ဒိယနိုင်ငံ၊ တမီနာဒူး

ကမ်းခြေမြောက်ပိုင်းကို ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။