DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၄-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါ သည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး ပိုမိုအားကောင်းလာကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါ သည်။

မြေငလျင်သတင်း

မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၂)နာရီ (၄၃)မိနစ် (၄၈)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ( ၁၉၈၅ )မိုင်ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်ပ (Celebes Sea, Philippines) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၉)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။