DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Super Cyclonic Storm News

စူပါဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၁၆/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ မေ  ၁၈  ရက်)        

 (မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

          စူပါဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အခြေအနေ

၁။       (က)    ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ် မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်၊ ဒီဂါမြို့ (Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၀၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်ဘက် ရေမိုင် (၄၀၀)မိုင်ခန့် နှင့် ပုသိမ်မြို့ (Pathein)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၅၀၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (ခ)       စူပါဆိုင်ကလုန်းမုန်တိုင်း(Super Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေ အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါ ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

၂။       အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြန်မာ စံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၄.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၄)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၂၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၄၀)နှုန်း ဖြစ်ပါသည်။

နောက်(၆၀)နာရီအတွင်းခန့်မှန်းချက်

၃။      အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း  (Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်- အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်  

 ၄။     အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန် ကြောင့် (၁၈.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်  

၅။      မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေ ခန့်ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိင်ပါသည်။

အသိပေးနှိုးဆော်ချက်  

၆။      အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြ သော ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသအခြေအနေ များကို လေကြောင်းပျံသန်းရေးအနေဖြင့်လည်းကောင်း  ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော် အပ်ပါသည်။