DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁-၂-၂၀၂၆: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တို့တွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Tropical Storm “FENGSHEN” News, No.1 , 2025

အပူပိုင်းမုန်တိုင်း “ဖန်ရှန်” အခြေအနေသတင်း အမှတ်စဉ် (၀၁/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့  မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

“ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဖန်ရှန်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ထိုမှတစ်ဆင့် အနောက်ဘက်သို့ ရွေ့လျားနိုင်ကာ ပိုမိုအားကောင်းလာပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောအပူပိုင်း မုန်တိုင်း “ဖန်ရှန်” အဖြစ်သို့  ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”