DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၈-၁၀-၂၀၂၅:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

 

Typhoon “MATMO” News, No. 3, 2025

တိုင်ဖွန်းမုန်တိုင်း “မတ်မို” အခြေအနေသတင်း အမှတ်စဉ် (၀၃/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(­­­က)    တိုင်ဖွန်းမုန်တိုင်း “မတ်မို” (METMO) အခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပါ်နေသော တိုင်ဖွန်းမုန်တိုင်း“မတ်မို”(MATMO)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး တရုတ်နိုင်ငံ၊ ကျန်ကျမ်းမြို့(Zhanjiang)၏ အရှေ့ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)      တိုင်ဖွန်းမုန်တိုင်း “မတ်မို”တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ တိုင်ဖွန်းမုန်တိုင်း“မတ်မို”သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၂၀.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၁.၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၇၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။

(ဂ)    နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ တိုင်ဖွန်းမုန်တိုင်း“မတ်မို”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၆ နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်ကို ကျန်ကျမ်းမြို့ အနီးမှ ဖြတ်ကျော်နိုင်ပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း“မတ်မို”သည် နောက် ၂၄ နာရီ အတွင်း အားကောင်းသောအပူပိုင်းမုန်တိုင်း“မတ်မို”အဖြစ်သို့ အားလျော့သွားနိုင်ပြီး ကွမ်ရှီး ပြည်နယ်ကမ်းရိုးတန်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။