DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၆-၃-၂၀၂၆:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Weather Forecast for 2018 Early Monsoon Season

၂၀၁၈ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေဝသခန့်မှန်းချက်
 
၂၀၁၈ ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်း
၂၀၁၈ ခုနှစ်၊ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်
နေ့မှ ၂၀၁၈ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါသည်။
 
 ၂၀၁၈ ခုနှစ် မုတ်သုံလေ ဝင်ရောက်နိုင်မှုအခြေအနေ
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာရှိပါသည်။
(က) မေလ (၁၆ - ၂၀)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ
(ခ) မေလ (၂၁ - ၂၅)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ
  (ဂ) မေလ (၂၆-၃၁)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်
 (ဃ) ဇွန်လ  (၁ - ၅)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ
 
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။ 
 
မိုးအခြေအနေ
မိုးရွာသွန်းမှု အခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်
နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုွီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသ
ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်
တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။